အလုပ်သင်အခွင့်လမ်းများ
MyanmarOCC သည် လူငယ်များနှင့်ဂျူနီယာ၀န်ထမ်းများအတွက် လက်တွေ့လုပ်ငန်းနယ်ပယ်နှင့် ရင်းနှီးကျွမ်း၀င်စေရန်အခွင့်လမ်းများ ပံ့ပိုးပေးလျှက်ရှိပါသည်။
OJTသည် အတွေ့အကြုံရှိစီနီယာများ၏ လမ်းညွှန်မှုအောက်တွင်လက်တွေ့လုပ်ငန်းခွင်ကို လေ့လာသင်ယူကာလက်တွေ့ လုပ်ဆောင်သည့် သင်ကြားရေးလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ OJTမှတဆင့်လက်တွေ့ လုပ်ငန်းခွင်လည်ပတ်မှုများ၊ နည်းပညာဆိုင်ရာအလေ့အထများ၊ ဆက်သွယ်ရေးနည်းလမ်းများနှင့် လုပ်ငန်းခွင်တာဝန်များကို ကိုတိုင်projectမစတင်မီ နားလည်သဘောပေါက်နိုင်ပါသည်။
Myanmar OCC အနေဖြင့်လူငယ်များ၏ အနာဂတ်အသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီရန်အတွက် အလုပ်သင်လေ့ကျင့်ရေး(internship and training) အခွင့်လမ်းများ ဖော်ဆောင်လျှက်ရှိပါသည်။ အလုပ်သင်လေ့ကျင့်ရေးကာလအတွင်း ဂျပန်ကုမ္ပဏီတစ်ခုအနေဖြင့် လုပ်ငန်းလည်ပါတ်ဆောင်ရွက်မှုများကိုလေ့လာသင်ယူနိုင်ပါသည်။
လေ့ကျင့်ရေးပရိုဂရမ်တွင် ဂျပန်လုပ်ငန်းခွင်လုပ်ထုံးလုပ်နည်းများ (Japanese Business Manners)၊လုံခြုံရေးအသိအမြင်(security awareness)၊နည်းပညာအခြေခံများ(technical fundamentals)၊အွန်လိုင်းလုပ်ငန်းလုပ်ထုံးလုပ်နည်းများ၊ GitHub workflow၊ presentation skills နှင့် လုပ်ငန်းခွင်ဆက်သွယ်ရေးလုပ်ထုံးလုပ်နည်း များကိုသင်ယူနိုင်ပါသည်။
လေ့ကျင့်ရေးပရိုဂရမ်အတွေ့ကြုံမှတဆင့် လူငယ်များအတွက် လက်တွေ့လုပ်ငန်းခွင် ဗဟုသုတများ၊လုပ်ငန်းသဘော သဘာ၀နှင့်စည်းကမ်းချက်များ၊ အနာဂတ်IT Industry တွင်အလုပ်အကိုင်တည်ဆောက်ရာ ၌အထောက်ကူပြုရန် အပြင်နည်းပညာပိုင်းယုံကြည်မှုရရှိနိုင်ရန်လည်းရည်ပါသည်။






